jeudi 13 avril 2017

* ** ရှန်ဂန် ကျန်းမာပါစေ ** *

ရှန်ဂန် ကျန်းမာပါစေ


ရှန်ဂန် ** *  မင်း ကျန်းမာပါစေ
ပြဿနာများ၏ နောက်ကွယ်မှာ ရှန်ဂန် ကျန်းမာပါစေ၊
မောင်ရင်ငတေ တိုးတိုးတိတ်တိတ် ဆုတောင်းနေမိပါတယ်၊
ရှန်ဂန် ရေ … . . . ……. မင်းကို ငါတို့ ချစ်တယ်၊ မင်း အမြန်ဆုံး ကျန်းမာပါစေ ကွာ၊

အရှေ့အလယ်ပိုင်းဒေသရဲ့ စစ်မီးတွေ အရှေ့ဥရောပတလွှား မငြိမ်သက်မှုတွေ
အာဖရိကန်တွေရဲ့ မြေထဲပင်လယ် လှေစီးဖြတ်ကျော်ရာက ဒုက္ခတွေ့ရတဲ့ ခရီးတွေ
အကြမ်းဖက်သမားတွေရဲ့ ကာမီကာဇေ အသေခံ တိုက်ခိုက်ခံရမှုတွေ စတဲ့ စတဲ့ စတဲ့
ပြဿနာပေါင်းစုံ သောင်းခြောက်ထောင်ရဲ့ နောက်ကွယ်မှာ တွဲလျှက်ကပ်ပါလာတာကတော့
Schengen Visa ရှန်ဂန်ဗီဇာ ရှန်ဂန်ဗီဇာ ရှန်ဂန်ဗီဇာ ပါ၊

နယ်စပ် ဖြတ်ကျော်မှု ပြဿနာပါ၊
ဒီလို ပြဿနာတွေကို သက်ဆိုင်ရာက ဘယ်လိုထိမ်းသိမ်း ကာကွယ်မလဲ ဆိုတာကို
မောင်ရင်ငတေ စိတ်ဝင်စားမိပါတယ်၊

ရှန်ဂန်ဗီဇာဖရီးဇုန် အဓွန့်ရှည် တည်တန့်ပါစေလို့သာ ဆုတောင်းနေမိသလို ဗီဇာဖရီး ဇုန်ကနေ
လက်နက်မဲ့ ဇုန် စစ်မဲ့ ဇုန် ဖြစ်လာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း တောင်းရင့်း့ 

မောင်ရင်ငတေ ၂၀၁၀၂၀၁၂


Espace Schengen Visa Area (26 States)



ဖြည့်စွက်ချက်
(မောင်ရင်ငငေတ မတ် ဧပရယ် ၂၀၁၇ ပင်လယ်မရှိသောမြေသို့)

ဒီအခု မတ်လအကုန် ဧပရယ်လဆန်းမှာ ဆယ်ရက်အတွင်း ဥရောပနိုင်ငံငါးနိုင်ငံကို မောင်ရင်ငတေ ဖြတ်သန်းသွားခဲ့ပါတယ်၊ လေကြောင်း ကုန်းကြောင်းတွေနဲ့ပေါ့၊ ရေကြောင်းက ဝင်ကြည့်ဖို့ စိတ်ကူး မိခဲ့ပေမယ့် ပွင့်လင်းရာသီရောက်ဖို့က ရက်နှစ်ဆယ်အစိတ်လောက် လိုနေသေးတာမို့ ခရီးသွားတွေ အတွက် တချို့သော ဝန်ဆောင်မှုဆားဗစ်ပေးတဲ့ လုပ်ငန်းတွေရဲ့ ပြက္ခဒိန်ရာသီ မစသေးတာဖြစ်လို့
ရေကြောင်းကနေ နိုင်ငံတခုကို ဖြတ်သန်းဝင်ရောက် ကြည့်ချင်မိတဲ့ မောင်ရင်ငတေရဲ့ အစီအစဉ်ကို
အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။

မောင်ရင်ငတေတဲ့ ဒီ ၂၀၁၇ ဧပရယ် ငါးနိုင်ငံ ခရီးမှာ မူရင်းနိုင်ငံ ပြင်သစ်ရဲ့ အထွက် အဝင်ကတော့ လေယာဉ်ပျံကွင်းကမို့လို့ သိပ်မထူးခြားနားလှတဲ့ ပုံမှန်ခရီးသွားပတ်စ်ပို့တ် စစ်ဆေးတာလောက်သာ ရှိခဲ့ပါတယ်၊ ဟန်ဂေရီ ဘူဒါပက်လေဆိပ်အဝင်မှာ ရှန်ဂန်ဧရိယာမို့ အစစ်အဆေးမရှိပါဘူး၊ ဟန်ဂေရီ
ဘူဒါပက်အထွက် ဆလိုဗားကီးယား ဘရာတီဆလာဗာဆီသို့ လိုင်းကားစီး အဝင်မှာလည်း ချက်ပွိုင့်
အဟောင်း နေရာမှာ ကားခဏရပ် ဆီဖြည့်ဝိတ်လျှော့ ကော်ဖီသောက် စီးကရက်ဖွာ ဆယ့်ငါးမိနစ်မျှ ရပ်နားခဲ့ပြီး ဘရာတီဆလာဗာကို ရောက်ခဲ့ပါတယ်၊ ဘရာတီဆလာဗာက သြစတြီးယားရဲ့မြို့တော် ဗီယန်နာအသွား နာရီဝက်တစီးလောက် ပြေးဆွဲနေတဲ့ လိုင်းဘတ်စ်ကားကတော့ နိုင်ငံနှစ်ခုကူးတာ
မျိုးနဲ့ လုံးဝလုံးဝ မတူပါဘဲ တောမြို့နှစ်မြို့သွားတဲ့ တောလိုင်ကားအဆင့်သာသာလောက် သာပါ။

ဗီယန်နာကနေ ချက်မြို့တော် ပရာဟာကိုတော့ မီးရထားစီး ခရီးသွား ဖြစ်ခဲ့ပါတယ်၊ ဗီယန်နာကနေ စလို့ ထွက်လာပြီး ချက်နယ်စပ်အရောက်မှာတော့ နယ်စပ်ရဲတွေ ရထားပေါ်တက်လာပြီး မှတ်ပုံတင် တွေ ခရီးသွားစာအုပ်တွေ စစ်ဆေးပါတယ်၊ မောင်ရင်ငတေရဲ့ ငါးနိုင်ငံခရီးတလျှောက် ဤတကြိမ်မျှ သာ အစစ်ဆေးခံခဲ့
ရခြင်းပါ၊ ချက်ကနေ ပိုလန်နယ်စပ်ကို အသွားအပြန် လမ်းမှာတော့ နယ်စပ်ဂိတ်
အဝင်အထွက်တွေကတော့ ဖြတ်သန်းသွားသူ ခရီးသွားတွေအတွက် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြဖို့ အထိမ်းအမှတ် သင်္ကေတအဆင့်လောက်တာ ရှိပါတယ်။

ဥရောပတလွှား အစွန်းရောက်တွေ အကြမ်းဖက်တွေ သတင်းတွေ ပလူပျံနေချိန်မှာ မောင်ရင်ငတေ
သွားခဲ့တဲ့ ငါးနိုင်ငံ နယ်စပ်ဖြတ်ကျော်တဲ့ ခရီးစဉ်တလျှောက်မှာတော့ အေးချမ်းသာယာလှတာမို့လို့
အဲဒီ Schengen Visa ရှန်ဂန်ဗီဇာ ရှန်ဂန်ဗီဇာ ရှန်ဂန်ဗီဇာ 
ဆိုတာကြီးကို အထူးကျေးဇူး တင်ရှိရပါကြောင်းးးးးးးးးးးး

(On the Right to Move and Reside Freely)
ရှန်ဂန် ကျန်းမာပါစေ့

မောင်ရင်ငတေ ၁၃၀၄၂၀၁၇

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...