jeudi 13 avril 2017

** * သင်္ကြန်ဖီလင်လာ့း့ ** *

သင်္ကြန်ဖီလင်လာ့း့



သင်္ကြန်ဖီလင်လာ့း့

သင်္ကြန်ဆိုတာကြီးက မောင်ရင်ငတေ့အတွက်တော့ သိပ်ပြီးတော့ ဖီလင်လာတဲ့အရာ မဟုတ်ပါဘူး၊

ရေပက်ရတာလည်း ဝါသနာမပါသလို ရေပက်ခံထွက်ရတာကိုလည်း ဘယ်လိုမှဖီလင်မလာခဲ့တာပါ၊

အဲလို ဝါသနာ မပါလို့ သင်္ကြန်တွင်း လူကြီးတွေနဲ့ ရိပ်သာလိုက်သွားလား ဆိုတော့လည့်း့
မောင်ရင်ငတေ ဝါသနာ ပါတာနဲ့က ဟိုးးးးးးးးးးးးးးးး အဝေးကြီးပါ၊

ဟိုးခပ်ငယ်ငယ် မြစ်ဝကျွန်းပေါ်က မွေးဇာတိမြို့ကလေးမှာ ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့
ရီတာပေါ့ ရီတာပေါ့ ခေတ့့် လေးခွသားရေနဲ့ နို့ဆီခွက်ကိုပတ်ပြီး ခွတ်စောင်းခုတ်တဲ့ခေတ့့်

ဝင်းဦးတို့ ဇော်ဝမ်းတို့ သုမောင်တို့ အပီကဲကြတဲ့ ကျုံးနဘေး မန္တလေးခေတ့့်

အဲဒီခေတ် တွေမှာ သင်္ကြန်နဲ့မောင်ရင်ငတေက ခပ်ကင်းကင်းသာပါ၊

ဇာတ်လမ်းတွေ မသန်းတွေ မဖန်တီးတတ်ကလည်း ပါမှာပါ၊

အဲ့ ပိုက်ကြီးပိုက်ငယ် အသွယ်သွယ်နဲ့ ကဲကြပြဲကြတဲ့ ရန်ကုန်သင်္ကြန်
ကာလတွေမှာတော့ မူးအောင်သောက်ပြီး ကားပေါ် ခပ်ကုပ်ကုပ် တကြိမ်နှစ်ကြိမ် လိုက်ခဲ့ဖူးပါရဲ့၊

နာမည်ကြီး သင်္ကြန်မိုးကားကို အပြီးတိုင်ကြည့်ဖို့ စိတ်မရှည်တတ်တာကလည်း သင်္ကြန်ဖီလင်မရှိတဲ့ မောင်ရင်ငတေရဲ့ နဂိုစိတ် အခံကြောင့် ဖြစ်နိုင်ပါတယ်၊

ခန်းမပေါ် သင်္ကြန်ယိမ်း တက်ကခဲ့တဲ့ ရီးစားတယောက်နဲ့ ပြဿနာအကြီးကျယ်တက် ပေါက်ကွဲမူးပြဲ
ရမ်းခဲ့တာကတော့ မောင်ရင်ငတေ့အတွက် တခါက သင်္ကြန် အမှတ်တရ တခုသာပါ၊

သင်္ကြန်နဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ ရှိခဲ့တာက ရှစ်ဆယ်ကျော်နှစ်များက သင်္ကြန်စတေးရှောင်သွား သွားခဲ့တဲ့ ရွှေစက်တော် မန်းချောင်းနဘေးက နေ့ရက်များပါ၊ သင်္ကြန်တွင်း ရေမပက်ကြတဲ့နေရာက မောင်ရင်ငတေရဲ့စိတ်ထင် အဲဒီ တနေရာသာ ရှိတာကိုး၊ မန်းချောင်းရေစိမ်ရင်း ပါလာတာလေးတွေ
ဒိုင်ရှို မော့ခဲ့ဖူးပါတဲ့ သင်္ကြန်ကာလများလို့ ပြောရမှာပေါ့ ဗျာ၊

အဲ ပုပ္ပားတောင်မကြီး အနောက်ဘက်က ရွာကလေးမှာ ပင်ကျရေလေး တမြမြနဲ့ ဖြတ်သန်းခဲ့ဖူးတဲ့
သင်္ကြန်ဆိုတာကြီးကိုလည်းးးးးးးး ဘယ်မေ့ရက်မလဲ လေ့ 
အဲသလို့ 

သင်္ကြန်ဆိုတာကြီးကို သိပ်ပြီးဖီလင်မလာခဲ့ပေမယ့်လည်း သင်္ကြန်နဲ့ပတ်သက်လာရင်
ပိတောက်ပန်း ကိုတော့ နည်းနည်း ခံစားလို့ ရပါတယ်၊

ပိတောက်ပန်း မွှေးလား မမွှေးလားကို သေချာ မသိပေမယ့်
ပိတောက်ပန်းရဲ့ ဝါတောက်တောက် အရောင်က မောင်ရင်ငတေရဲ့ ခရေဇီ ကာလာ တခုပါ၊

အခုတော့ အဲဒီ ဝါတောက်တောက်ရောင် အနီးအနား မရှိတော့ အလွမ်းပြေအနေနဲ့ မောင်ရင်ငတေ
ခရီးသွားရင်း အမှတ်တရရိုက်ကူးလာတဲ့ လမ်းနဘေးပန်းခင်းထဲက ခရေဇီကာလာ ပန်းလေးတွေကို
ဝါတောက်တောက် ပိတောက်ရောင်အစား သင်္ကြန်အမှတ်တရအဖြစ် . . . . . …. . …… . …………

တန်ခူးလပြည့်နေ့ဖွား

မောင်ရင်ငတေ ၁၂၀၄၂၀၁၆


Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...