vendredi 22 juillet 2016

** ငါ့ ရင်ထဲမှာ ဧရာဝတီ (သို့မဟုတ်) ရေစီးသံများ စာစု (တစ်) * **

ငါ့ ရင်ထဲမှာ ဧရာဝတီ
(သို့မဟုတ်) ရေစီးသံများ စာစု



https://www.scribd.com/document/319003460/%E1%80%84%E1%80%AB-%E1%80%9B%E1%80%84-%E1%80%91%E1%80%B2%E1%80%99%E1%80%BD%E1%80%AC-%E1%80%A7%E1%80%9B%E1%80%AC%E1%80%9D%E1%80%90%E1%80%AE-%E1%80%9E%E1%80%AD%E1%80%AF%E1%82%94%E1%80%99%E1%80%9F%E1%80%AF%E1%80%90-%E1%80%B1%E1%80%9B%E1%80%85%E1%80%AE%E1%80%B8%E1%80%9E%E1%80%B6%E1%80%99-%E1%80%AC%E1%80%B8-%E1%80%85%E1%80%AC%E1%80%85%E1%80%AF

http://www.mediafire.com/download/ljt956kuauai9xz/%E1%80%84%E1%80%AB%E1%80%B7+%E1%80%9B%E1%80%84%E1%80%B9%E1%80%91%E1%80%B2%E1%80 

စာမျက်နှာ ၉၂ မျက်နှာပါ ပီဒီအက်ဖ်ဖိုင် အစအဆုံးပါ၊
ဖတ်ချင်သူများ သည်းညည်းခံတော့ ဖတ်ကြည့်ကြပါ ခင်ဗျားးးးးးးးးးးးးး

မောင်ရင်ငတေ ရောက်ရှိခဲ့ဖူးတဲ့ မြစ်တွေချောင်းတွေအကြောင်း သောင်းပြောင်းထွေလာပါ၊
အများစုကတော့ ဥရောပ အနောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသ တွေက မြစ်ချောင်းတွေ
အကြောင်းပါ၊

နှစ်ထောင့်တဆယ့်လေး နှစ်ဆန်းပိုင်းကနေ နှစ်ထောင့်တဆယ့်ငါး နှစ် ကုန်ပိုင်းအထိ
ကာလအတွင်းမှာ ဒီ ရေစီးသံများ စာစုများကို ရေးဖြစ်ခဲ့တာပါ၊ စုစုပေါင်း ခွန်နှစ်ပုဒ် ရှိခဲ့ပါပြီ၊

နှစ်ထောင့်တဆယ့်ခြောက်မှာတော့ မြစ်တွေချောင်းတွေရှိရာကို ထပ်မံရောက်ရှိ
ခဲ့ပေမယ့် မောင်ရင်ငတေ့ ထုံးစံအတိုင်း အတိုအစ အပိုင်းအစတွေကို ပြန်လည်ဆက်စပ်
အချောမသတ်နိုင် ဖြစ်နေတာမို့ အဆုံးသတ် ရေးသားထားပြီးသားတွေဖြစ်တဲ့

** ငါ့ ရင်ထဲမှာ ဧရာဝတီ (သို့မဟုတ်) ရေစီးသံများ ** * စာစု ခွန်နှစ်ပုဒ်ကိုသာ
တစုတစည်းတည်းဖြစ်အောင် ပထမဦးစွာ ပေါင်းစည်းလိုက်ရခြင်းပါ၊

ဥရောပရဲ့ မြစ်တွေချောင်းတွေ ပင်လယ်ဝတွေရှိရာကို မောင်ရင်ငတေ ရောက်ရှိခဲ့တဲ့
အခါတိုင်းမှာ အဲဒီလိုရေစီးသံတွေကို မောင်ရင်ငတေ ဂရုတစိုက် နားထောင်မိတတ်ပါတယ်၊

လူသူကင်းဝေးတဲ့ တောတွေတောင်တွေကြားမှာဆိုရင် ခပ်သေးသေး ရေချောင်းလေးရဲ့
ရေစီးသံမျိုးကတောင် တဝေါဝေါနဲ့ အတော်လေးကို ကျယ်ကျယ် ကြားရတတ်ပါတယ်၊

အဲဒီလို ကြားမိရတိုင်းမှာ မောင်ရင်ငတေ ငယ်ဘဝက ထိတွေ့ ရင်းနှီးခဲ့ရတဲ့ ဧရာဝတီမြစ်ကြီးနဲ့
တခြားသော မြစ်ငယ်ချောင်းငယ်များရဲ့ ရေစီးသံမျိုးစုံကို ပြန်လည် ကြားယောင် လာမိရပါတယ်၊

အဲဒီလို မောင်ရင်ငတေ့ နားထဲမှာ ကြားယောင်နေမိတဲ့ အသံတွေကို ဖလှယ်ယူပြီး
ဒီစာစုများကို ရေးဖြစ်ခဲ့ခြင်းပါ၊

ဒီ စာစုတွေကို ဖတ်ကြည့်မယ် ဆိုရင်တော့ ဥရောပမြစ်တွေချောင်းတွေရဲ့ အကြောင်း
အဆိုးအကောင်း အနည်းငယ်မျှတော့ တီးခေါက်မိနိုင်ကြောင်းပါ ခင်ဗျား၊

မောင်ရင်ငတေ
ဧပြီ ၁၀၊ ၂၀၁၄ -------- နိုဝင်ဘာ ၂၅၊ ၂၀၁၅

 https://fr.scribd.com/document/319003460/%E1%80%84%E1%80%AB-%E1%80%9B%E1%80%84-%E1%80%91%E1%80%B2%E1%80%99%E1%80%BD%E1%80%AC-%E1%80%A7%E1%80%9B%E1%80%AC%E1%80%9D%E1%80%90%E1%80%AE-%E1%80%9E%E1%80%AD%E1%80%AF%E1%82%94%E1%80%99%E1%80%9F%E1%80%AF%E1%80%90-%E1%80%B1%E1%80%9B%E1%80%85%E1%80%AE%E1%80%B8%E1%80%9E%E1%80%B6%E1%80%99-%E1%80%AC%E1%80%B8-%E1%80%85%E1%80%AC%E1%80%85%E1%80%AF

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...