vendredi 15 avril 2016

** ပါရီမြို့လယ်က လွတ်လပ်ရင်ပြင် * **

ပါရီပုံရိပ်များ
ပါရီမြို့လယ်က လွတ်လပ်ရင်ပြင် (Centre National d'Art et de Culture Georges-Pompidou)
 
ပါရီ .... … လွတ်လပ်ရင်ပြင် .….. လွတ်လပ်ရင်ပြင် . . ….. အဲဒီ ကျောက်တုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ လွတ်လပ် ရင်ပြင်ကျယ်မှာ ဈေးခပ်ပေါပေါ ဂျာမန်ဘီယာ တဗူးရယ် .. . . …….. ခပ်ညံ့ညံ့ ပေါချောင် မကောင်းတကောင်း အာလူးကြော် တထုပ်နဲ့ တရေးတမောအိပ် အချိန်ဖြုန်းခဲ့ရတဲ့ နေ့ရက်များ 
..... .. ... 
(အထူးသဖြင့် အလုပ်ချိန်နှစ်ပိုင်းအတွင်း အိမ်ခန်းသို့ပြန်ချိန်မရလို့ လေးရာသီပတ်လည် အဲဒီရင်ပြင် သံပန်သလင်း ကျောခင်း အိပ်ခဲ့ရတဲ့ နေ့လည်နေ့ခင်းများကို ပြန်လည် တွေးတောမိရရင်းးးးးးးးးး)

မနှစ်က မောင်ရင်ငတေရဲ့ ဖေ့စ်ဘုတ်ခ်စာမျာက်နှာမှာ ရေးပြီးတင်ခဲ့တာ တနှစ်ပြည့် အမှတ်တရအဖြစ် ပြန်လည်ပြုပြင် ဖာထေးပြီး
 . . . . .. .. . .   . . . . . . . . . . . . . . . . .. . . . . . . . . . 

မောင်ရင်ငတေ ၁၅၀၄၂၀၁၄ ၁၅၀၄၂၀၁၆


ပါရီမြို့လယ်က လွတ်လပ်ရင်ပြင် 
(Centre National d'Art et de Culture Georges-Pompidou)

ပါရီမြို့သား အဟောင်းကြီးတွေက Beaubourg ဆိုပြီးခေါ်ကြတဲ့ ပါရီမြို့လယ် အမှတ် (၄) ရပ်ကွက် အတွင်းမှာ Centre Georges-Pompidou ဆိုတဲ့ ထူးခြားတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ ခေတ်မီ အဆောက်အဦးကြီး တခုကို ပါရီမြို့ကို ရောက်လာသူတိုင်း သတိထားမိကြမှာပါ၊

လူတိုင်းအတွက် သတင်းနဲ့ ပြန်ကြားရေးဆိုင်ရာ စာကြည့်တိုက်တခုဖြစ်ပြီး မော်ဒန်အနုပညာပြတိုက် တခုလည်း ဖြစ်ပါတယ်၊


လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်ကာလ မောင်ရင်ငတေတို့ ပြင်သစ်မြေ နင်းခါစကာလ အချိန်တုန်းကဆိုရင် မောင်ရင်ငတေတို့လို ဒုက္ခသည်တွေ အတွက် နေ့ခင်းနေ့လည် ခိုနားစရာနေရာ တခုလည်း ဖြစ်ခဲ့တာပါ၊

အဲဒီအချိန်ကာလက ပါရီမြေမှာ ရောက်ရှိခါစ ဘာမှရေရေရာရာ မရှိသေးတဲ့ မောင်ရင်ငတေတို့လို လူမျိုးတွေအတွက် အင်တာနက် ကွန်ပြူတာ မပြောပါနဲ့ တယ်လီဖုန်းတောင်မှ ဈေးကြီးလို့ မကိုင်နိုင်သေးတဲ့ ဘဝမျိုးပါ၊

အဲဒီအချိန်မှာ ဒီ Centre Pompidou မှာက အင်တာနက် အလကား ရပါတယ်၊
လူတဦးကို တကြိမ်မှာ မိနစ် ၃၀ ခန့် အင်တာနက် ကြည့်လို့ရပါတယ်၊

အလကားရတယ် ဆိုတော့လည်း ကြည့်ချင်သောသူတွေ ပိုမိုများပြားသလို မောင်ရင်ငတေတို့လို နေ့လည်ခင်း အချိန်တွေမှာ ညဘက် ကိုယ်ကျောချနေတဲ့အိမ်မှာ မနေချင်သူ မနေလိုသူ နေလို့မရသူများအတွက် လမ်းဘေးလျှောက်လို့ နေကြမယ့်အစား အဲဒီလို Centre Pompidou မိုးလုံလေလုံ အဆောက်အဦး အတွင်းမှာ အင်တာနက်လေးကြည့် သတင်းနဲ့ရုပ်မြင်သံကြားလေးကြည့်၊

ဝါသနာပါခဲ့ရင် သတင်းစာ ဂျာနယ် စာတိုပေစ ဘာသာရပ်ဆိုင်ရာမျိုးစုံ အလကားဖတ်လို့ရတဲ့ ဒီအဆောက်အဦးက ပါရီရောက် ဒုက္ခသည်တွေအတွက် မေ့ထားလို့ မရနိုင်တဲ့ အဆောက်အဦး တခုပါ၊

ကျောင်းသူကျောင်းသားတွေ သမိုင်းသမားတွေ အတွက်ကတော့ လိုအပ်တဲ့ အချက်အလက် မှတ်တမ်း မှတ်ရာတွေ အများအပြား သိမ်းဆည်းထားရာ နေရာတခုလည်းဖြစ်လို့ ရှာဖွေလေ တွေ့ရှိလေ
 နေရာတခုလည်း ဖြစ်ပါတယ်၊

Centre National d'Art et de Culture Georges-Pompidou

၁၉၆၉ ခုနှစ်က ၁၉၇၄ အထိ ပြင်သစ်ပြည် သမ္မတဖြစ်ခဲ့တဲ့ Georges Jean Raymond Pompidou (၁၉၁၁-၁၉၇၄) လက်ထက်မှာ စတင် အကောင်အထည်ဖော် ဆောက်လုပ်ခဲ့ပေမယ့် လက်စမသတ် နိုင်ခဲ့လို့ သူ့နောက်မှ တက်လာတဲ့ သမ္မတ Valéry Giscard d'Estaing (၁၉၂၆-****) လက်ထက် ၁၉၇၇ ခုနှစ်မှာ စတင် ဖွင့်လှစ်နိုင်ခဲ့ပြီး အကောင်အထည် စတင် ဖော်ခဲ့တဲ့ သမတကြီးရဲ့ အမည်ကို ယူပြီး Centre national d'Art et de Culture Georges-Pompidou အမည်ခေါ်တွင်ခဲ့ပါတယ် တဲ့၊

ဒီအဆောက်အဦးရဲ့ အဓိကထူးခြားချက်တွေကတော့ နံပတ်တစ်အနေနဲ့ပြောရရင် အဆောက်အဦး တခုလုံးကို သတ္ထူ ပိုက်လုံးကြီးတွေနဲ့သာ ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပြီး ဆေးရောင်ကိုလည်း
အနီအပြာအဝါ ခပ်တောက်တောက် အရောင်များနဲ့သာ ချယ်သထားတာဖြစ်လို့ မူလနဂို ရှေးရိုး ပါရီ အဆောက်အဦးအဟောင်းများရဲ့ ညိုညစ်ညစ်ဝါတာတာ အရောင်များကြားမှာ တမူထူးခြား ထင်ရှား နေတာကတော့ အမှန်အကန်ပါ၊

အဲဒီလို ခေတ်သစ်အဆောက်အဦ ပုံစံမျိုးကို ပါရီမြို့ရှေးရိုးမြို့လယ် နေရာမှာ တည်ဆောက်ခွင့် ရရှိနိုင်ဖို့ကတော့ ရှေးရိုးစွဲ ဝါဒီတွေနဲ့ ရှေးဟောင်းအမွေအနှစ် ထိမ်းသိမ်း သူတွေ ကြားမှာ တော်ရုံနဲ့ မလွယ်ပါဘူး၊ သမတကြီးအဆင့် အာဏာပါဝါရှိမှသာ ရရှိနိုင်မယ့် အရာပါ၊

Centre National d'Art et de Culture Georges-Pompidou

မောင်ရင်ငတေ ကြိုက်နှစ်သက်ရတဲ့ နောက်တချက်ကတော့ ဒီအဆောက်အဦးရဲ့ တည်နေရာက ပါရီမြို့ရဲ့ အချက်အချာနေရာမှာ တည်ရှိသလို ဒီအဆောက်အဦးရဲ့ မျက်နှာစာ ရင်ပြင်ကျယ်ကြီးကို အထူးသဘောကျမိရတာပါ၊

အဲဒီရင်ပြင်ကျယ်ကြီးဟာ ပြင်သစ်ပြည်သူပြည်သားတွေရော လူမျိုးခြား မျိုးစုံ ကမ္ဘာလှည့်ခရီးသည်မျိုးစုံရဲ့ အခမဲ့ ခေတ္တခဏ အမောပြေနားခိုစရာ နေရာတနေရာ ဖြစ်သလို ပြည်သူ့ဟစ်တိုင် သဖွယ်လည်း ဖြစ်ပါတယ်၊

ဥရောပရဲ့ သာယာလှပတဲ့ နွေရာသီဖြစ်တဲ့ ဂျွန် ဂျူလိုင် သြဂုတ် စက်တင်ဘာလများမှာတော့ အထူးစည်ကားလှပါတယ်၊

တကိုယ်ရည်ရော အုပ်စုလိုက်ရော ဝါသနာကို အရင်းခံပြီး ဖျော်ဖြေကြတဲ့ ဖျော်ဖြေရေးသမားများကို အများအပြား တွေ့ရှိနိုင်တဲ့ နေရာ တနေရာလည်း ဖြစ်ပါတယ်၊



ရေးဆွဲပြီး ရေးဆွဲဆဲ ပန်းချီကားချပ်တွေကို ရောင်းချနေသူများ ရှိသလို  ပုံတူပန်းချီ ရေးဆွဲသူများကို အများအပြား တွေ့ရှိရပါတယ်၊ ကိုယ်ပိုင်တီထွင် ဖန်တီးထားတဲ့လက်ရာ လက်မှု အနုပစ္စည်းတွေကို ကိုယ်တိုင်ထိုင်၍ ရောင်းချလို့ နေကြသူ လူငယ် လူလတ် လူကြီး ကျားမ စုံလင်စွာ တွေ့မြင်နိုင်ပါတယ်၊



အဲဒီနေရာဟာ မောင်ရင်ငတေအတွက် အချိန်ကာလ တော်တော်များများ ဖြတ်သန်းကုန်ဆုံး အချိန် ဖြုန်းခဲ့ရတဲ့ နေရာတနေရာလည်းဖြစ်တာမို့ မေ့ထားမရတဲ့ နေရာပါ၊ အခုအချိန်ထိလည်း အချိန်ရရင် ရသလို အလွမ်းပြေ သွားနေမိတတ်တဲ့ နေရာလည်း ဖြစ်နေဆဲပါ ခင်ဗျာ၊


ပါရီ .... … လွတ်လပ်ရင်ပြင် .….. လွတ်လပ်ရင်ပြင် . . …..

အဲဒီ ကျောက်တုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ လွတ်လပ်ရင်ပြင်ကျယ်မှာ ဈေးခပ်ပေါပေါ ဂျာမန်ဘီယာ တဗူးရယ် .. . . …….. ခပ်ညံ့ညံ့ ပေါချောင် မကောင်းတကောင်း အာလူးကြော် တထုပ်နဲ့ တရေးတမောအိပ် အချိန်ဖြုန်းခဲ့ရတဲ့ နေ့ရက်များ ..... .. ...

(အထူးသဖြင့် အလုပ်ချိန်နှစ်ပိုင်းအတွင်း အိမ်ခန်းသို့ပြန်ချိန်မရလို့ လေးရာသီပတ်လည်
အဲဒီရင်ပြင် သံပန်သလင်း ကျောခင်း အိပ်ခဲ့ရတဲ့ နေ့လည်နေ့ခင်းများကို
 ပြန်လည် တွေးတောမိရရင်းးးးးးးးးး မနှစ်က ရေးပြီးတင်ခဲ့တာ တနှစ်ပြည့် အမှတ်တရအဖြစ် ပြန်လည်ပြုပြင် ဖာထေးပြီး . . . . .. .. . . .

မောင်ရင်ငတေ ၁၅၀၄၂၀၁၄ ၁၅၀၄၂၀၁၆


မောင်ရင်ငတေ ၁၅၀၄၂၀၁၄ ၁၅၀၄၂၀၁၆

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...