vendredi 18 décembre 2015

Débarquement à l'Aeroporto do Porto-Francisco Sá Carneiro

  



Débarquement à l'Aeroporto do Porto-Francisco Sá Carneiro . . .. .. ... .. .....
အဲဒီလို
ပီရေနေး တောင်တန်းများရဲ့ လှပမှုတွေကို ခံစားလို့ မဝသေးခင်မှာ လေယာဉ်မှူး
အခန်းက ကြေညာချက် စကားသံ ထွက်လာပါတယ်၊ မောင်ရင်ငတေတို့ စီးနင်းလာတဲ့
လေယာဉ်ပျံက ပေါ်တို နယ်မြေကို ချည်းနင်းဝင်ရောက်လာပြီဖြစ်ကြောင်း
ပေသုံးသောင်းကျော်အမြင့်က စတင်လို့ နိမ့်ဆင်း လာပြီ ဖြစ်ကြောင်း များမကြာမီ
အချိန်အတွင်းမှာ ပေါ်တိုမြို့ Aeroporto do Porto-Francisco Sá Carneiro
နိုင်ငံတကာလေဆိပ်ကို ဆင်းသက် ဆိုက်ရောက်တော့မှာဖြစ်ကြောင်း သာယာလှပသော
နေ့တနေ့ဖြစ်ပါကြောင်း ပေါ်တူဂီခေါ်တဲ့ ပူတကေရွှေတိုင်းပြည်ကြီးမှ Bem-Vindo
ကြိုဆိုပါကြောင်း စသဖြင့် ပြောကြားသံကို ကြားလိုက်ရပါတယ်၊

အဲဒီလို
ကြေညာသံ ကြားလိုက်ရပြီးနောက် ချက်ချင်းကြီးတော့ လေဆိပ်ကို ဆင်းသက်တာ မဟုတ်
သေးပါဘူး၊ မောင်ရင်ငတေလည်း မြေပြင်ကိုငုံကြည့်လိုက်တော့ ဟုတ်ပါတယ်၊
ပေါ်တိုရဲ့ ရာသီဥတု
အတော်လေး သာယာနေတာမို့ မြေပြင်ကို သဲကွဲစွာ
မြင်နေရပါပြီ၊ ကားလမ်းတွေနဲ့ တံတားကြီးတွေ ပေါ်မှာ အပြင်းမောင်းနေတဲ့
ကားလေးတွေကိုတောင်မှ အထင်းသားကြီး မြင်နေရပါပြီ၊
မကြာခင်မှာတော့
မောင်ရင်ငတေ အရမ်းရောက်ချင်ခဲ့တဲ့ မြို့ပေါ်တိုရဲ့ အသက်သွေးကြော မြစ်မင်း
ဖြစ်တဲ့ Rio Douro (စပိန်လိုတော့ Duero ပေါ့ ဗျာ) မြစ်ကြောင်းစိမ်းစိမ်းကို
မြင်တွေ့လိုက်ရပါတယ်၊
တဆက်တည်းလိုလိုမှာပဲ လေယာဉ်က မြေပြင်နဲ့ နီးကပ်လာသလို အီဖယ်ရဲ့ တံတားကြီးအပါအဝင်
ပေါ်တိုရဲ့
နာမည်ကျော် ဒူရို (အမှန် အသံထွက်ကတော့ ဒိုအူရို ဆိုတဲ့ အသံနဲ့
ပိုနီးစပ်မှာပါ၊) မြစ်ကူး တံတားကြီးခြောက်စင်းကို တွေ့လိုက်ရပါပြီ၊
(မရငတ) ၁၀၁၂၂၀၁၅

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...