jeudi 29 octobre 2015

** ကြွေချိန်တန် * **



ကြွေချိန်တန်


ကြွေချိန်တန်

ဒီလို ရာသီရောက်ရင်
ဒီလို ရွက်တွေကတော့
ကြွေမှာပေါ့၊ ကြွေပါစေလေ၊
မှန်မှန်သာ ကြွေနိုင်ပါစေလေ၊

ကြွေတိုင်းသာ လွမ်းရရင်၊
လွမ်းတိုင်းသာ ကြွေရရင်၊
ဘဝတွေက ရစရာရှိတော့မှာ မဟုတ်ဘူး၊

ရင်ခုန်စရာ မယ်မယ်ရရ မရှိတော့တဲ့ အချိန်တွေမှာ
ကြွေချိန်တန်လို့ ရွက်တွေကြွေတာ ဘာဆန်းလိမ့်မလဲ၊

ခြွေ၍မကြွေ ခြွေလို့မကြွေ
မင်း မှန်မှန်သာ ကြွေနိုင်ပါစေလေ၊ ။။ ။။။

(မရငတ) ၂၉၁၀၂၀၁၅

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...