dimanche 13 septembre 2015

** ယင်း ** *



 ယင်း


ယင်း

ပခြုပ်ထဲက ထွက်ကြ
ရာဇဝင်ထဲက ထွက်ကြ
လှောင်ချိုင့်ထဲက ထွက်ကြ
ထောင်ခြောက်ထဲက ထွက်ကြ၊

ယင်း ထ လာအောင် မစောင့်ကြနဲ့၊
သမိုင်းထဲက အကြွေးက သမိုင်းထဲမှာရှိတယ်၊
အနုအရွနဲ့ သမုဒ္ဒယတွေကြားမှာ ဆူးခါးတွေရှိတယ်၊

ဒီ ယင်း ထ လာအောင် မစောင့်ကြနဲ့၊
ဆိုင်းသံ ဗုံသံတွေကြားမှာ ပတ်မကြီးမြည်သံ မစောင့်ကြနဲ့၊
အနုအရွနဲ့ သမုဒ္ဒယတွေကြားမှာ ဆူးခါးတွေရှိတယ်၊

ဒီ ယင်း ထ လာအောင် မစောင့်ကြနဲ့၊
ပန်းပျိုးတဲ့ လက်တွေနဲ့ သမိုင်းခိုးရေးတဲ့လက်တွေ မဆက်ကြနဲ့၊
အနုအရွနဲ့ သမုဒ္ဒယတွေကြားမှာ ဆူးခါးတွေရှိတယ်၊

ပခြုပ်ထဲက ထွက်ကြ
ရာဇဝင်ထဲက ထွက်ကြ
လှောင်ချိုင့်ထဲက ထွက်ကြ
ထောင်ခြောက်ထဲက ထွက်ကြ၊

ပခြုပ်ထဲက ထွက်ကြ
ရာဇဝင်ထဲက ထွက်ကြ
လှောင်ချိုင့်ထဲက ထွက်ကြ
ထောင်ခြောက်ထဲက ထွက်ကြ၊ ။။။ ။။ ။။

ဖိုးဇီးရိုး ၁၃၀၉၂၀၁၅

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...