vendredi 18 septembre 2015

** အာဒမ် ဧဝ ခပ်ဝဝ ** *


အာဒမ် ဧဝ ခပ်ဝဝ 


Adam et Ève à Monte Carlo  (ဓါတ်ပုံ မရငတ)         
အေဒင်ဥယျာဉ်ထဲက အာဒမ်နဲ့ ဧဝ မဟုတ်ပါဘူး၊ မိုနာကိုက Casino de Monte Carlo ပန်းဥယျာဉ် ထဲမှာ တွေ့ခဲ့ရတဲ့ ခေတ်သစ် ခပ်ဝဝ အာဒမ် နဲ့ ဧဝ ရုပ်တုတွေပါ၊ သဘောကျမိရလို့ မှတ်တမ်းတင်၍ ရိုက်ကူးခဲ့တာကို တင်ပြလိုက်ရပါတယ်၊

ကိုလံဘီယာနိုင်ငံသား ပန်းချီဆရာ ပန်းပုဆရာ Fernando Botero (၁၉၃၂-****) ရဲ့ ၁၉၈၁ ခုနှစ် က ထုဆစ်ခဲ့တဲ့ (Adam et Ève) ပန်းပုလက်ရာပါ၊ မြင်ဖူးခဲ့သမျှပါသော အာဒမ်နဲ့ဧဝရဲ့ ပုံတွေထဲမှာ အဝဆုံးလို ထင်မိပါတယ်၊ ဒီ ပန်းပုဆရာကြီး Fernando Botero ကတော့ လူဝကြီးတွေရဲ့ ပုံတွေကို အတော်နှစ်သက်ဟန် တူပါတယ်၊ သူရဲ့ လက်ရာတွေကို ရှာဖွေကြည့်လိုက်တော့ အဝလွန်ကဲနေတဲ့ ပုံတွေကအများစုပါ၊ ဘာပြောပြော ဝဝလှလှတွေဆိုတာလည်း တမျိုးကောင်းပါတယ်၊ ပန်းပုဆရာရဲ့
ရည်ရွယ်ချက်ကိုတော့ မောင်ရင်ငတေ ဘာတလုံးမှ နားမလည်ပါဘူး၊ နားလည်သူတွေက ရှင်းလင်း ဖြည့်စွက် ပေးစေချင်ကြောင်းပါ၊

ကျေးဇူးတင်ပါတယ် ခင်ဗျာ . . .. …. (မရငတ) ၀၉၀၉၂၀၁၅


 Adam et Ève à Monte Carlo                               (ဓါတ်ပုံ မရငတ)

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...