mercredi 19 août 2015

** Le Balzac de Rodin *



ပါရီပုံရိပ်များ  ** Le Balzac de Rodin ****


ပြင်သစ်ရဲ့ စာပေပညာရှင်ကြီး တဦးဖြစ်တဲ့ Honoré de Balzac (၁၇၉၉-၁၈၅၀) ကွယ်လွန်ခဲ့တာ  သြဂတ်စ်လ ၁၈ ရက် မနေ့က ၁၆၅ နှစ် ပြည့်ခဲ့ပါတယ်တဲ့၊

တိုက်တိုက်ဆိုင်ဆိုင် မှတ်မှတ်ရရ တနေ့ကမှ ဂျပန်က လာလည်နေတဲ့ ဧည့်သည် တယောက်ကို လိုက်ပို့ရင်း မောင်ရင်ငတေ မှတ်တမ်းတင်ရိုက်ခဲ့တဲ့ ပြင်သစ်ပြည် ပါရီမြို့သား ပန်းပုဆရာ Auguste Rodin ရိုဒင် (၁၈၄၀-၁၉၁၇) ရဲ့ ၁၈၉၇ ခုနှစ်က ထုဆစ်ခဲ့တဲ့ လက်ရာ Le Balzac de Rodin ပန်းပုရုပ်တုပါ၊
ပန်းပုဆရာကြီး ရိုဒင်က ၁၈၉၁ ကနေ ၁၈၉၇ ခုနှစ် အတွင်းမှာ Honoré de Balzac ရဲ့ ပုံတူ ရုပ်တု နှစ်ခုကို ထုဆစ်ခဲ့ပါတယ်တဲ့၊

ဒီရုပ်တုကိုတော့ ပါရီမြို့ရဲ့ နာမည်ကျော် သမိုင်းဝင် ကဖေးဘားတခုဖြစ်တဲ့ La Rotone ကဖေးဆိုင် တည်ရှိရာ Boulevard Raspail နဲ့ Boulevard du Montparnasse လမ်းဆုံ Place Pablo-Picasso ကို ဖြတ်သန်းသွားမယ်ဆိုရင် ပိုက်ဆံတပြားမှ မပေးရပါဘဲ အလွယ်တကူ တွေ့မြင်ရမှာပါ၊

အဲ . . . …. …. La Rotone ကဖေးဆိုင်မှာ ရေငတ်ပြေ ဘီယာဝင်သောက်မယ်ဆိုရင်တော့ ယူရိုငွေ တဆယ် ကုန်ကျပါလိမ့်မယ်၊

ရောက်ဖူးသူ တွေ့မြင်ဖူးသူတွေအတွက်လည်း ပါရီမြို့ကို ** လွမ်း *** *
စေဖို့ ပေါ့ . . ....... ..


အဲဒီရုပ်တုနဲ့ ပုံတူရုပ်ပွားတခုကိုတော့ ပါရီမြို့လယ်က Musée Rodin ပန်းခြံထဲမှာ တွေ့ရှိနိုင်ပါတယ်၊

မောင်ရင်ငတေ ၁၉၀၅၂၀၁၅

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...