Libellés
vendredi 7 août 2015
** အနုပညာ​တောင်​ကုန်းထိပ်​က ​ဘောက​ဝေ​လေး * ** (VDO)
အနုပညာ​တောင်​ကုန်းထိပ်​က ​ဘောက​ဝေ​လေး
အနုပညာ​တောင်​ကုန်းထိပ်​က ​ဘောက​ဝေ​လေး
Iya Traoré (၁၉၈၆-****) (ဓါတ်ပုံ မရငတ)
ပါရီမြို့ရဲ့ နာမည်ကျော် Montmartre ဆိုတဲ့ အနုပညာ တောင်ကုန်းထိပ်မှာ
ဘောလုံး အလှခတ်သမားလေး တယောက် ရှိပါတယ်၊ တွေ့ဖူးသူတွေ တွေ့ဖူးကြမှာပါ၊
ဒါပေမယ့် သူနာမည်ကို သိကြတဲ့သူ အလွန်ရှားမှာပါ၊ ဟုတ်ပါတယ်၊
သူဟာ ဇီးဒန်းတို့ ဘာ့သက်ဇ်တို့ အောင်လီတို့လို့ ပြင်သစ်ရဲ့ နာမည်ကျော် ဘောလုံးသမားတွေနဲ့
ဘောလုံးတွဲကန်ဖူးသူ မဟုတ်ပါဘူး၊ ချန်ပီယံလည်း ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး၊
ဇီဒန်းတို့ဘာတို့ကို မမြင်ဖူးကြပေမယ့် သူ့ကိုတော့ အပြင်မှာ မြင်ဖူးသူတွေက သန်းနဲ့ချီ ရှိနေပါပြီ၊
ဒီကနေ့ အာဖရိကမှာ Guinea အမည်နဲ့ နိုင်ငံ သုံးနိုင်ငံ ရှိပါတယ်၊
စပိန် ကိုလိုနီဟောင်း Equatorial Guinea ရယ် ပေါ်တူဂီ ကိုလိုနီဟောင်း Guinea-Bissau ရယ်
အဲဒီ အနုပညာတောင်ကုန်းထိပ်က ဘောကဝေလေး မွေးခဲ့ရာ ပြင်သစ် Guinea ရယ်ပါ၊
အာဖရိကတိုက် အနောက်စွန်းက ပြင်သစ်ကိုလိုနီဟောင်း République de Guinée (Guinea) နိုင်ငံက ရွာသေးသေးကလေး တခုမှာ မွေးဖွားခဲ့သူပါ၊ ၁၉၅၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့ ပြင်သစ် စကားပြော နိုင်ငံတခုမှာ မွေးဖွားခဲ့သူ Iya Traoré (၁၉၈၆) ဟာ ပြင်သစ်ပြည်ကို သူ့မိသားစုနဲ့အတူ အခြေစိုက်နေထိုင်ဖို့ ရွှေ့ပြောင်းရောက်ရှိလာတာကတော့ မထူးဆန်းလှပါဘူး၊ ပါရီကိုရောက်လာတဲ့ အာဖရိကသားလေးဟာ သူကျွမ်းကျင်လိမ္မာတဲ့ ဘောလုံးပညာနဲ့ Paris Saint-Germain (PSG) လို အသင်းမျိုးတွေကို ဝင်တိုးပေမယ့်လည်း ထင်တိုင်း မပေါက်ခဲ့ရာက ပါရီမြို့တော်ရဲ့ လမ်းဘေးကနေ တကမ္ဘာလုံးသိကြတဲ့အဆင့် မဟုတ်သိတိုင်အောင် ပါရီမြို့တော်ကို လာရောက်လည်ပတ်ကြသူများ သတိထားရတဲ့ အဆင့်တော့ ရောက်ရှိလို့လာနေပါပြီ၊ အာဖရိကသားလေးရဲ့ ဘောလုံးထိမ်းသိမ်းတဲ့ အတတ်ပညာ၊ တကယ်တော့ သူ့ရဲ့ပညာက မောင်ရင်ငတေတို့ ရွှေပြည်တော်သားများရဲ့ ရိုးရာခြင်း ခတ်တဲ့ အတတ်ပညာနဲ့ အတော်တူပါတယ်၊ Iya Traoré အဓိက ပရိသတ်ကို ဆွဲဆောင်သွားခဲ့တာ ကတော့ သူ့ရဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ဖော်ပြနိုင်ခဲ့တဲ့ ဘောလုံး ထိမ်းသိမ်းနိုင်မှု အနုပညာ ကြောင့်လို့သာ မောင်ရင်ငတေ ထင်မြင်မိကြောင်းပါ၊
Aucun commentaire:
Enregistrer un commentaire
** * တခါကနေ့ရက်များ (၃) ** *
Google+ Badge
Google+ Followers