samedi 22 août 2015

** အီဖယ်စတိုရီ *

ပါရီပုံရိပ်များ
အီဖယ်စတိုရီ



Tour Eiffel သို့မဟုတ် « Tour de 300 Mètres »           (ဓါတ်ပုံ မရငတ)


၂ နှစ် ၂ လ ၅ ရက် တိတိ တည်ဆောက်ခဲ့ရပါတဲ့ မီတာသုံးရာ (၃၂၄ မီတာ) မျှော်စင်ကြီး၊

၂၈ ဂျန်နဝါရီ ၁၈၈၇ ခုနှစ်ကနေ စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့တာ ၄ ရက် မတ်လ 
၁၈၈၉ ခုနှစ်မှာ လုပ်ငန်း လက်စသတ် ပြီးစီးခဲ့ပြီး ၃၁ မတ်လ ၁၈၈၉ ခုနှစ်မှာ စတင် 
ဖွင့်လှစ်ခဲ့ပါတဲ့ မျှော်စင်ကြီး၊

အဲဒီအချိန် ၁၈၈၇ ခုနှစ်တုန်းကတော့ ပန်းချီ ပန်းပု အနုပညာရှင် ဗိသုကာပညာရှင် 
အများအပြားက ပုံစံမကျ မလှမပ ဆိုပြီးတော့ ရယ်သွမ်းသွေးခဲ့ကြ ကဲ့ရဲ့ခဲ့ကြပါတဲ့ 
လူ ရယ်စရာ သံမဏိမျှော်စင်ကြီး၊

ဆောက်တုန်းက Exposition Universelle  de Paris de 1889 (World's Fair) 
ဆယ်ကြိမ်မြောက် ကမ္ဘာ့ကုန်စည်ပြပွဲအတွက် ရည်ရွယ်ပြီး ယာယီအဖြစ် တည်ဆောက်
ခဲ့တဲ့ သံမဏိလေဒီမျှော်စင်ကြီး၊


La Dame de Fer  သို့မဟုတ် The Iron Lady       (ဓါတ်ပုံ မရငတ)

ဆောက်တုန်းက Exposition Universelle  de Paris de 1889 (World's Fair) 
ဆယ်ကြိမ်မြောက် ကမ္ဘာ့ကုန်စည်ပြပွဲအတွက် ရည်ရွယ်ပြီး ယာယီအဖြစ် တည်ဆောက်
ခဲ့တဲ့ သံမဏိလေဒီမျှော်စင်ကြီး၊

၁၈၈၉ ခုနှစ်က တည်ဆောက်ပြီးခဲ့ပါတဲ့ အီဖယ်မျှော်စင်ကို ၁၉၀၉ ခုနှစ်မှာ ဖျက်သိမ်းပစ်ဖို့ပါတဲ့၊
ဒါပေမယ့် ဒီကနေ့ထိတိုင် တည်ရှိနေခဲ့တာကတော့ ဘာကြောင့်လဲလို့ မေးစရာ သိပ်မလိုတော့ 
ပါတဲ့ မေးခွန်းတခွန်း ဖြစ်လို့ နေပါပြီ၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီတခိုင် ဖြစ်နေတာ မဟုတ်လား၊

မူလက အီဖယ်မျှော်စင်ကို မွန်ဆီယာ အီဖယ်က စပိန်နိုင်ငံ ဘာဆီလိုနားမှာ တည်ဆောက်ဖို့ပါ၊
ခွင့်ပြုမိန့်မပေးခဲ့တဲ့ ဘာဆီလိုနား အာဏာပိုင်တွေ အခုနေများရှိသေးရင် ရင်ကွဲနာကျနိုင်ပါတယ်၊

၁၈၉၁ ခုနှစ်က လန်ဒန်မြို့တော်ကြီးမှာ အီဖယ်ထက်မြင့်တာ ဆောက်မလို့ ကြံစည်ကြ 
ပါသေးတယ်၊ အဲဒီ အကြံအစည်ကတော့ ဒီကနေ့ထိတိုင် အထမမြောက်ခဲ့သေးပါဘူးတဲ့၊


La Dame de Fer  သို့မဟုတ် The Iron Lady       (ဓါတ်ပုံ မရငတ)


ဒုတိယ ကမ္ဘာစစ်အတွင်း ပါရီ ဟစ်တလာ ရောက်လာတော့ အီဖယ်မျှော်စင်ကို  
တက်ချင်ပါတယ်တဲ့၊

ပါရီဇီယမ်သားတွေက အီဖယ်မျှော်စင်ရဲ့ လျှပ်စစ်ဓါတ်အားတွေကို ဖျက်စီးထားခဲ့ပါ
တယ်တဲ့၊ ဒါပေမယ့် ဟစ်တလာကြီး အီဖယ်မျှော်စင် ထိပ်ဖျားကို တက်ချင်ဇောကြီးကြီးနဲ့  
တက်ခဲ့ပါတယ်တဲ့၊

၁၆၆၅ ထစ် (မျှော်စင်အပေါ်ဆုံး တတိယထပ်ကနေ ထိပ်စွန်းဖျားက တာဝါတိုင်တွေထိ  
ဆိုရင်တော့ ၁၇၁၀ ထစ်) ရှိတဲ့ လှေကားထစ်တွေကြောင့် ဟစ်တလာကြီး လျှာတန်းလန်း  
ထွက်နေရပါတယ်တဲ့၊

အီဖယ်ပေါ်ရောက်ခဲ့ဖူးကြသူတွေ နှစ်ပေါင်း ၁၂၅ နှစ် အတွင်း သန်းပေါင်း ၃၀၀ လောက် 
ရှိခဲ့ပါပြီတဲ့၊ အခုလက်ရှိမှာတော့ တနှစ် တနှစ်ကို သန်းကျော် သန်း တက်ကြပါတယ်တဲ့၊

စုစုပေါင်း တန်ချိန် တသောင်းကျော်ကျော် လေးပါတယ်တဲ့၊
သံမဏိ အစိတ်အပိုင်းပေါင်း သောင်းရှစ်ထောင်ကျော် မူလီရဗစ် နှစ်သန်းခွဲနဲ့ တည်ခဲ့ရတာပါတဲ့၊

La Dame de Fer  သို့မဟုတ် The Iron Lady       (ဓါတ်ပုံ မရငတ)


မီးလုံးပေါင်း နှစ်သောင်းရဲ့ မီးရောင်ကြောင့် အီဖယ်ရဲ့ ညအလှကို ခံစားရတာ တမူထူးခြားပါတယ်၊

ကမ္ဘာတလွှား မြို့များမှာတော့ အီဖယ် ပုံတူ မူပွားပေါင်း သုံးဆယ်ကျော် ရှိပါသတဲ့၊
မောင်ရင်ငတေရဲ့ တွေ့ရှိမှုများအရ တကယ်တော့ သုံးဆယ်ကျော် မကလောက်ပါဘူး၊
တရုတ်ပြည်ကြီးမှာတင် မူပွားတွေ တော်တော်များများ တည်ဆောက်နေတာပါ၊

အီဖယ်ကြီးကို ဆေးတခါသုတ်ရင် ကုန်တဲ့ ဆေးတန်ချိန်က ဆင် ကိုးစီးစာ မကပါဘူးတဲ့ ဗျာ၊
အီဖယ် တာဝါထိပ်ဖျားက အီဖယ်ရဲ့ အမည်ပေါက် အခန်းလေးကို ငှားချင်ကြပါလားတဲ့ ခင်ဗျ၊
အခန်းငှားခကတော့ မောင်ရင်ငတေလိုကောင်မျိုး အနားမကပ်နိုင်ကြောင်းပါ၊

အဲ  . . . .. . . ….. . ……. တခုတော့ တွက်ချက်ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်၊  
အီဖယ်ကို အခုနေ တည်ဆောက်ရင် ယူရို မီလီယံ ၃၀ လောက် ကုန်နိုင်ပါတယ်ဆိုတော့
……. …. အပေါ်တက်ခကြေးက တယောက်ပျမ်းမျှ ၁၀ ယူရို အမြှောက် တက်သူ သန်း 
(သို့) သန်း … . … ညီမျှခြင်း . . . . . . .  . . .. . . . . . . . . . . . . . . . . . . . . . . . . …. .. 
…. . …… .. … . ……….. တနှစ် ဝင်ငွေ မီလီယံ ပေါင်းးးးးးးးး   . . . . . . . . . . . . . . . ... . . . . .. . . . . . . . . . … ..

တွက်ချက်သာ ကြည့်ကြပါတော့ ဗျာ၊
မောင်ရင်ငတေ မတွက်တတ်လို့ပါ၊ သင်လေချာလေ ကောင်ပါ၊

(ဒါတောင် အဲဒီမှာ အဟောင်းကြေး အန်းတိ့ခ်ဈေး မပါသေးဘူးနော်)

မောင်ရင်ငတေ ၂၂၀၈၂၀၁၅



Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...