jeudi 20 août 2015

** ဖိုးဇီးရိုး ***





ဖိုးဇီးရိုး
သေချာတာ တခုက ကျနော်ဟာ ဇီးရိုးပါ၊
ဟီးရိုးဖြစ်ချင်စိတ် မရှိလှပါတဲ့ ဇီးရိုးပါ၊
ဝမ်းတူးသရီး ဟတ်ချလောင်းနဲ့ သူရဲကောင်းလည်း မဖြစ်နိုင်သူပါ၊

ပါရမီကလည်း နည်း . . ……. ယာယီစိတ်ကူးတွေနဲ့
ရေတက်ရေကျတွေမှာ ပေါလောမျောပါတတ်သူပါ၊

သူငယ်တန်းအတွေးတွေနဲ့ ခန့်မှန်းမေးခွန်းတွေကြားက ရမ်းကုအတတ် တတ်လာသူပါ၊

ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်ခဲ့ရမယ် ဆိုသူတွေက ဆိုခဲ့ကြပေမယ့်
သူရဲကောင်းတွေရဲ့ ထိပ်ခေါင်ဖြစ်ချင်လှပါပေတဲ့ ကျနော် ဖိုးဇီးရိုးကတော့ဖြင့်
ပြန်စရာလည်း မရှိ ကျန်စရာလည်း မရှိ . .. .. …. ရင်ထဲမှာလည်း ဗလာနတ္ထိ
အချစ် အမုန်း အပြုံး လောဘ မောဟ သောကတွေလည်း နတ္ထိ . . .. . . …..
အဲ သံသရာအကွေ့တွေကိုတော့ မရပ်မနားနဲ့ မောမောပန်းပန်း ဖြတ်သန်းနေတတ်သူပါ၊

ဖိုးဇီးရိုး ၂၀၀၈၂၀၁၅

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...