mardi 14 juillet 2015

** ပါရီမြို့လယ်က ခေတ်သစ်တံငါသည် ** *



ဘဝထဲကလူသား
ပါရီမြို့လယ်က ခေတ်သစ်တံငါသည်

 * ****** အလုပ်ဆိုတာ **** **** *

လူတယောက်အတွက် တနေ့တနေ့ မနက်ကြီး မိုးလင်းလာတာနဲ့ ပထမအဦးဆုံး တောင်းဆိုခံရတာ ကတော့ အစာအိမ်ရဲ့ အသံမျိုးစုံပါ၊ 

အဲဒီ အစာအိမ်ရဲ့ အသံအတွက်ကြောင့် အလုပ်မျိုးစုံကို လူမျိုးစုံ အကုန် နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှား လုပ်ကိုင်ကြရပါတယ်၊

အဲဒီလို အလုပ်တွေမျိုးစုံကို အမှတ်တမဲ့ မှတ်တမ်းတင်မိခဲ့တာတွေ ရှိခဲ့ပါတယ်၊

အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင် စိတ်ထဲခံစားမိ ရခဲ့ရင် ရခဲ့သလို မောင်ရင်ငတေ ရေးထားခဲ့တာလေး တွေကို ပေါင်းစုပြီး ဖော်ပြချင်စိတ် ရှိလာခဲ့တာကြောင့် ဖော်ပြလိုက်တာပါ၊

မောင်ရင်ငတေ ၀၄၀၇၂၀၁၅


« Colonnes de Buren » Les Deux Plateaux

ပါရီမြို့လယ်ခေါင်မှာလည်း အဲဒီလို ပိုက်ဆံအကြွေတွေ ပစ်ချတဲ့ နေရာတနေရာ ရှိပါတယ်၊
ပစ်ချတဲ့သူတွေက အဲဒီ အဖြူအမည်းစပ်ကြား တိုင်ထိပ်ပေါ်ကိုတင်အောင် ပစ်နေတာပါ၊

ဘာတွေ အဓိဌာန်ပြီး ဘာ ဆုတွေတောင်းလို့ ပစ်ကြပါသလဲ မောင်ရင်ငတေ မသိပါဘူး၊
ဆုတောင်းပြည့် သူတွေကော ရှိကြသလားဆိုတာ မောင်ရင်ငတေ မသိပါဘူး၊

ကြေပြားစေ့ တော်တော်များများကြားမှာ ရွှေရောင် ဆယ်ပြား ပြားနှစ်ဆယ်နဲ့ ငါးမူးစေ့များကိုလည်း
တွေ့ရပါတယ်၊ ငွေအကြွေ လှူဒါန်း ပစ်ချနေသူတွေကို နိဗ္ဗန်ရောက်ကြောင်း ဆုတောင်းပေးနေသူ
တယောက်တော့ တွေ့ခဲ့ရပါတယ်၊ သူ့ရဲ့ ပါးစပ် လှုပ်နေတာကို တွေ့လို့ပါ၊ သူ့ စကားသံကို မကြားရပါဘူး၊ ကြားရင်လည်း မောင်ရင်ငတေ နားမလည်တဲ့ ဘာသာစကားနဲ့ ပြောနေတာသာ ဖြစ်မှာပါ၊ ရုပ်ကတော့ အရှေ့အလယ် ဥရောပသား ရုပ်နဲ့ပါ၊

သူက ကြိုးတချောင်းနဲ့ အလုပ်ရှုတ်နေတာပါ၊ အကြွေစေ့ လှူဒါန်းသူတွေရဲ့ ရွှေဝါရောင် ဒင်္ဂါးပြားစေ့
လေးတွေကို ဆယ်ယူဖို့ အလုပ်ရှုတ်နေတာပါ၊

ငါးမျှားကြိုးလိုလို သူ့ကြိုးထိပ်မှာ ငါးမျှားချိတ်တော့ မတွေ့ရပါဘဲ Cutter ဓါးအပြားကို ချည်ထားတာ
တွေ့ရပါတယ်၊ အဲဒါလေးနဲ့ ကြမ်းပြင် ရေစပ်စပ်အောက်က ရွှေဝါရောင်ဒင်္ဂါးစေ့တွေကို အသာအယာ
ကလော်ပြီး သယ်ယူနေတာပါ၊ 

ထိုသူက အဲလိုမျိုး ပိုက်ဆံစေ့တွေကို ယူနေတာ တွေ့ပေမယ့်လည်း ပစ်ချသူတွေကတော့ ပစ်ချနေဆဲပါ၊


Rituel du lancer de pièces de monnaie sur la colonne centrale de la fontaine

မောင်ရင်ငတေ ရပ်ကြည့်နေတာ ဆယ်မိနစ်လောက်အတွင်းမှာ ငါးမူးစေ့ သုံးစေ့လောက် ဆယ်ယူ ရရှိသွားပါတယ်၊ မောင်ရင်ငတေတောင် အားကျမိပါရဲ့၊

ပါလာတဲ့ကင်မရာထုတ်ပြီး မှတ်တမ်းတင်မလို့လုပ်တော့ သူရဲ့ခပ်မိုက်မိုက် အကြည့်တချက်ကြောင့်
အဲဒီသူကိုတော့ မရိုက်ဖြစ်တော့ပါဘဲ သူ့ရဲ့ ငါးမျှားကြိုးလေးသာပါအောင် ရိုက်ခဲ့ရပါတော့တယ်၊

အဲဒီ «Colonnes de Buren» ဆိုတဲ့ Installation (Art) အနုပညာလက်ရာကို ဖန်တီးခဲ့သူကတော့
ပြင်သစ်ပြည်သား Daniel Buren (၁၉၃၈-****) ဖြစ်ပြီး ၁၉၈၅ ခုနှစ်မှာ ပြုလုပ်ခဲ့တာပါတဲ့၊

မောင်ရင်ငတေ ၁၄၀၇၂၀၁၅

 * ****** အလုပ်ဆိုတာ **** **** *

လူတယောက်အတွက် တနေ့တနေ့ မနက်ကြီး မိုးလင်းလာတာနဲ့ ပထမအဦးဆုံး တောင်းဆိုခံရတာ ကတော့ အစာအိမ်ရဲ့ အသံမျိုးစုံပါ၊ 

အဲဒီ အစာအိမ်ရဲ့ အသံအတွက်ကြောင့် အလုပ်မျိုးစုံကို လူမျိုးစုံ အကုန် နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှား လုပ်ကိုင်ကြရပါတယ်၊

အဲဒီလို အလုပ်တွေမျိုးစုံကို အမှတ်တမဲ့ မှတ်တမ်းတင်မိခဲ့တာတွေ ရှိခဲ့ပါတယ်၊

အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင် စိတ်ထဲခံစားမိ ရခဲ့ရင် ရခဲ့သလို မောင်ရင်ငတေ ရေးထားခဲ့တာလေး တွေကို ပေါင်းစုပြီး ဖော်ပြချင်စိတ် ရှိလာခဲ့တာကြောင့် ဖော်ပြလိုက်တာပါ၊

မောင်ရင်ငတေ ၀၄၀၇၂၀၁၅

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...