Archives du blog
Libellés
jeudi 25 juin 2015
** ပီကာဆို ရဲ့ ဒိုရာ ** *
ပါရီပုံရိပ်များ (ပုံရိပ်ပန်းချီများ)
ဘူတာရုံပြတိုက်အတွင်းမှ ရတနာပုံရိပ်များ ** ပီကာဆို ရဲ့ ဒိုရာ ** *
Femme en vert (Dora) Pablo Picasso (ဓါတ်ပုံ မရငတ)
ရှားရှားပါးပါး ကြည့်ခွင့်ရခဲ့တဲ့ Pablo Picasso ပါဘလိုပီကာဆိုရဲ့ Dora အမည်ရ Femme en vert (Woman in green) ပန်းချီကားပါ၊ ဆွစ်ဇာလန်နိုင်ငံ Bâle (Basel) မြို့က Fondation Beyeler က ပိုင်ဆိုင်ပါတယ်လို့ ဆိုပါတယ်၊
ပါရီ Musée d'Orsay ပြတိုက်ရဲ့ အထူးစပယ်ရှယ်အဖြစ် ၂၀၁၅ ခုနှစ် ဂျွန်လကုန်အထိ ပြသထားမှာ ဖြစ်ပါတယ်၊
စပိန်တောင်ပိုင်း Málaga နယ်မြေသား နာမည်ကျော် Surrealism,Cubism ပန်းချီ ပန်းပု ဆရာကြီး Pablo Ruiz Picasso ပါဘလိုပီကာဆို (၁၈၈၁-၁၉၇၃) က ဒီ အစိမ်းရောင်မိန်းမသား ပန်းချီကားကို ၁၉၄၄ ခုနှစ်မှာ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်၊ ပီကာဆိုရဲ့ မော်ဒယ်အဖြစ်နာမည်ကြီးခဲ့ပါတဲ့ Dora Maar Theodora Markovi (၁၉၀၇-၁၉၉၇) ကို အာဂျင်တီနား ခရိုအေရှား မိဘနှစ်ပါးကနေ ပြင်သစ်ပြည် Tours မြို့မှာ မွေးဖွားခဲ့တာပါ၊
မောင်ရင်ငတေ ၂၅၀၆၂၀၁၅
 Femme en vert (Dora) Pablo Picasso                    (Photo Google)
Aucun commentaire:
Enregistrer un commentaire
** * တခါကနေ့ရက်များ (၃) ** *
Google+ Badge
Google+ Followers