mardi 16 juin 2015

** ပြီးဆုံးခြင်းပြီးနောက် ** * ကဗျာ

ပြီးဆုံးခြင်းပြီးနောက်



ပြီးဆုံးခြင်းပြီးနောက်
ပြီးပြီ လို့ ရေးထားတဲ့ ကဗျာတပုဒ် ခေါင်းစဉ်အောက်မှာ
မပြီးဆုံးသေးတဲ့ ကဗျာတပုဒ်ကို ငါတို့ ဆက် ဖတ် နေ ကြ ရ တယ်၊

ပြီးပြီ လို့ စာတမ်းထိုးနေတဲ့ ပိတ်ကားပေါ်က ဇာတ်ကားတကားနောက်မှာ
မပြီးဆုံးသေးတဲ့ ဇာတ်ကားတကားကို ငါတို့ ဆက် ရိုက် နေ ကြ ရ တယ်၊

ပြီးပြီ လို့ အောင်ပွဲခံနေတဲ့ ကွင်းထဲကအသင်းတသင်း နှုတ်ဆက်နေတဲ့နောက်မှာ
မပြီးဆုံးသေးတဲ့ ပွဲတပွဲကို ငါတို့ ဆက် ကန်နေ ကြ ရ တယ်၊

ပြီးပြီး လို့ မီးခိုးခေါင်းတိုင်ပေါ်မှာ အငွေ့တလူလူ လွင့်တက်ပျယ်သွားတာကြည့်ရင်း
မပြီးဆုံးသေးတဲ့ ငါတို့ရဲ့လမ်းကို ငါတို့ ဆက် လျှောက် နေ ကြ ရ တယ်၊

(မရငတ) ၁၃၁၀၂၀၁၄

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...