Archives du blog
Libellés
vendredi 10 avril 2015
** ဥူစကာဒီ တော်လှန်ဆိုင် ** *
ဥူစကာဒီ တော်လှန်ဆိုင်
GORA EUSKADI လွတ်မြောက်ပါစေ ဥူစကာဒီ
ဒီဆိုင်ကလေးက ပြင်သစ်လို Pays Basque အမည်ရပြီး မူရင်း သူတို့ ဒေသခံတွေရဲ့ အခေါ်ကတော့ Euskadi (Euskal Herria) လို့ ခေါ်ဆိုကြတဲ့ ပြင်သစ်တဝက် စပိန်တခြမ်း ပိုင်ဆိုင်ကြတဲ့ ဒေသရဲ့ ရိုးရာပစ္စည်းလေးတွေ ရောင်ချနေတဲ့ ဆိုင်ကလေး တဆိုင်ပါ၊
ဒီ ဥူစကာဒီ ဒေသက လွန်ခဲ့တဲ့ ရာစုနှစ်များစွာက သမိုင်းကြောင်း တလျှောက်လုံးမှာ ကိုယ်ပိုင် ယဉ်ကျေးမှု စာစကား ရိုးရာဓလေ့ ထုံးစံတွေက ……… … .. ပြင်သစ်နဲ့လည်းမတူ စပိန်နဲ့လည်းမတူ ကာတာလန်နဲ့လည်းမတူ . ..... ကွဲပြားခြားနားပါတယ်လို့ ဒီဆိုင်ကလေးကို ပိုင်ဆိုင်တဲ့ ဆိုင်ပိုင်ရှင် အဖိုးကြီးက ပြောပါတယ်၊ (အဖိုးကြီးဆိုတာ မောင်ရင်ငတေနဲ့ နည်းနည်းလောက်သာ ပိုကြီးတာကို ပြောတာနော့)
ဒါပေမယ့် ရာစုနှစ်ပေါင်းများစွာမှာ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို တောင်းဆိုခဲ့ကြတဲ့ တိုက်ပွဲတွေက ဒီကနေ့ထိတိုင် မပြီးစီးသေးပါဘူး၊ ဆက်လက် တိုက်ပွဲဝင်နေကြသူများ ရှိနေသလို မီးကုန်ယမ်းကုန် ခြေကုန်လက်ကုန် သူတွေက ပိုလို့များလာနေပြီ ထင်ပါတယ်၊
အဲဒါနဲ့ ဘယ်အရာမဆို တော်လှန်ရမှာကို ကြိုက်နှစ်သက်ပါတဲ့ တော်လှန်ရေးနေ့ဖွား မောင်ရင်ငတေလည်း ပါလာတဲ့ အသပြာကြေးပြားစေ့လေးတွေ ထုတ်ရေပြီး တော်လှန်ဆိုင်က တော်လှန်ပစ္စည်းလေးတွေကို ဝယ်ယူအားပေးခဲ့ရကြောင်းပါ . . . .... ..
ပါရီမြို့သား ပါရီဇီယမ် မောင်ရင်ငတေအတွက် ထူးခြားနေတာ တခုကတော့ . …… .. .
အဲဒီနားက ဆိုင်လေးတွေကို ဝင်ပြီး ချိတ်ဆွဲခင်းကျင်း ပြသထားတာတွေကို ကိုင်တွယ်ကြည့်ရှု နေတာ ဆိုင်ထဲမှာ ဆိုင်ရှင်ရော ဆိုင်အရောင်းသမားတွေ တယောက်တလေမှကို မတွေ့ရှိရခြင်းပါ၊ အတော်လေးကြာမှာ ဘေးနားကနေ ပေါ်လာပြီး ဘာယူမလဲ ဘာလဲ လာမေးတာပါ၊ အဲဒါနဲ့ . … … လျှာရှည်တတ်တဲ့ မောင်ရင်ငတေလည်း . .. … မေးမိ ပြောမိပါတယ်  ….. . ပစ္စည်းခိုးခံရမှာ မစိုးရိမ် ဘူးလား  …. ….. ငါတို့ ပါရီမှာဆို ဒီလိုမျိုး ဆိုင်ကို ပစ်ထားလို့ မရကြောင်း ….. …. မွန်စီယာခါးတွေ မဒမ်ခါးတွေ မက်ဒ်မွာဇယ်ခါးတွေ ပေါများလှကြောင်း . . .. .. …..  ပေါ့၊ အဲဒီမှာ ဆိုင်ရှင်အဖိုးကြီးက ခပ်ပြုံးပြုံး အမူအယာနဲ့ ပြန်ဖြေပါတယ် . .. ….. သူတို့ဒေသသားတွေက အေးဆေး ရိုးသားကြောင်း ပေါ့ ခင်ဗျား . . .. . …
မောင်ရင်ငတေ ၀၉၀၄၂၀၁၄
« Euskal Herria »,
Le Pays Basque, qui s’étend du Nord de l’Espagne au Sud-ouest de la France,
Eusko Abendaren Ereserkia / Himno Nacional Vasco / Basque National Anthem
Aucun commentaire:
Enregistrer un commentaire
** * တခါကနေ့ရက်များ (၃) ** *
Google+ Badge
Google+ Followers