mardi 10 mars 2015

ရှစ်လေးလုံး ကွယ်လွန်ခြင်း (၈ ရက် သြဂုတ်လ ၂၀၂၀ ခုနှစ်)



ရှစ်လေးလုံး ကွယ်လွန်ခြင်း (၈ ရက် သြဂုတ်လ ၂၀၂၀ ခုနှစ်)

ဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း
ထပ်တူထပ်မျှဝမ်းနည်းကြေကွဲခြင်း
မိသားစုနှင့်အတူထပ်မျှကြေကွဲခြင်း
သူငယ်ချင်း မင်းသွားနှင့်တော့ ငါတို့လိုက်ခဲ့မယ်၊

ကမ္ဘာတဝှမ်းမှ ရှစ်လေးလုံး ကွယ်လွန်ခြင်းအတွက်
ပေးပို့ခဲ့ကြတဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲခြင်း သဝဏ်လွှာများကို ကြေကွဲခြင်း
များစွာဖြင့် ရှစ်လေးလုံးမိသားစုမှ ကျေးဇူးတင်ရှိကြောင်း ပြန်ကြားအပ်ပါတယ်၊

ရှစ်လေးလုံး နာမကျန်းဖြစ်နေစဉ် ၂၀၁၀ ခုနှစ်မှ  ယခု ၂၀၂၀ ခုနှစ်ထိ အထူး ဂရုစိုက်
ကြပ်မတ် ကုသပေးခဲ့သော နှလုံးရောဂါကု အထူးကုဌာန (ရှစ်လေးလုံး ပြန်လည်
ထမြောက် ရှင်သန်ရေး အဖွဲ့ချုပ်) အား အထူးကျေးဇူး တင်ရှိပါကြောင်း၊  
……………………………………………………………………………………………….

မောင်ရှစ်လေးလုံးသည် ၁၉၈၈ ခုနှစ် သူ ငယ်ရွယ်နုပျိုစ အရွယ်မှ စ၍ ယခင်ဘဝ ရှေးကုသိုလ်ကံ အဆက်ဆက်ကြောင့် သူ၏ ယခုဘဝတွင် အမျိုးမျိုးသော လှိုင်း တံပိုးဒဏ် များကို အသက်အရွယ်နှင့် မလိုက်အောင် အထုအထောင်း အနှိပ်စက်ဒဏ် များစွာတို့ကို ကိုယ်စွမ်းရှိသ၍ ဥာဏ်စွမ်းရှိသ၍ ခုခံကာကွယ် ခဲ့ပါသော်လည်း သူ၏ ကိုယ်ခန္ဓာ ကလပ်စည်းအတွင်းမှ သက်ဆိုင်ရာ တာဝန်ကျ နေရာများမှ တာဝန်ခံနိုင်မှု တာဝန်ယူနိုင်မှုများ တစတစ ချို့ယွင်းလာပါသောကြောင့် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ဆန်းပိုင်းမှ စတင်၍ သူ၏ကိုယ်ခန္ဓာ အစိတ်ပိုင်းအသီးသီး၌ သွေးလေဖောက်ပြားလာ ခဲ့ပါ၍ မြန်မာဗုဒ္ဒဘာသာ ဗိန္နောဆရာမျိုးစုံ ဒေသအသီးသီးမှ တိုင်းရင်းဆေးဆရာမျိုးစုံ အပြည်ပြည်ဆိုင်ရာမှ အထူးကု ဘွဲ့တံဆိပ်မျိုးစုံ ရရှိလာသူများနှင့် အထူး ကြပ်မတ်၍ ကုသခဲ့ပါသော်လည်း ဝမ်းနည်းစရာ ကောင်းလောက်အောင်ပင် ကုသ၍မရရှိတော့ဘဲ ကောင်းချည်တလှည့် ဆိုးချည်တလှည့်ဖြင့် ဝေဒနာများကို ကြိတ်မှိတ်ခံစား လာခဲ့ရပြီး ၂၀၁၂ ၌ တကြိမ် ၂၀၁၅ ၌ တကြိမ် ဝေဒနာများကို အပြင်းအထန် ခံစားခဲ့ရပြီး ယခု ၂၀၂၀ ခုနှစ် ဆန်းပိုင်းမှ ပြန်လည်၍ ဝေဒနာများကို အလူးအလဲ ပြန်လည်၍ ခံစားခဲ့ရ ပြီးနောက်  သူ ချစ်ခင်ရပါသော သူ၏ တိုင်းပြည် သူ၏ လူမျိုး သူ၏ နိုင်ငံတော် သူ၏ ဆွေမျိုးမိတ်သင်္ဂဟ သူငယ်ချင်းအပေါင်းသင်း လက်တွဲဖော် တွဲဖက်များကို အပြီးတိုင် စွန့်ခွာသွားပြီ ဖြစ်ပါကြောင်း ဝမ်းနည်းစွာဖြင့် ကြေငြာအပ်ပါသည် ခင်ဗျား   ……….. ……………………………………………  …………………………………………… …………………..
နိုင်ဦးညို (ဖိုးဇီးရိုး)

မိုးမခ စက်တင်ဘာ ၉၊ ၂၀၁၂

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...